|
တမနက်ကျတော့ ခါတိုင်းလိုဘဲ သမီးများကို အ၀တ် အစားပြင်ဆင်ပေးပြီး သူမကိုယ်တိုင်လည်း အ၀တ်အစားလဲကာ ''အဆင်သင့်ဖြစ်ကြပြီလား''လို့ သမီးများကိုမေးလိုက်ပါတယ်။ ဒီအခါ ဘက်ကီက ''ကျွန်မကတော့ အဆင် သင့်ဖြစ်ပါပြီ၊ ဒါပေမယ့် ချာလီ အ၀တ်မလဲရသေးဘူးမေမေ'' လို့ပြောပါတယ်။ ဘက်ကီဟာ သူမရဲ့ အရုပ်ကလေး ချာလီကို အပြင်ခေါ်သွားတိုင်း ရာသီဥတုနဲ့လိုက်ဖက်မယ့်အ၀တ်အစားမျိုးကို ၀တ်ပေးလိုက်ရမှ ကျေနပ် တတ်ပါတယ်။ အဲသလို ချာလီကိုအ၀တ် အစားလဲပေးပြီးတာတောင်မှ လမ်းထွက်ခါနီးမှာ ချာလီလေးချမ်း မှာစိုး၍ စောင်ကလေးနဲ့ ရစ်ပါတ်ပြီးမှ လမ်းထွက်လေ့ရှိပါတယ်။ အလတ်မ စင်ဒီကတော့ ချာလီအတွက်နဲ့ ယခုလိုတမိသားစုလုံး အချိန်သိပ်ကုန်တာကို စိတ်မရှည်လှပါဘူး။
လွန်ခဲ့တဲ့(၂)နှစ် ခင်ပွန်းရှိစဉ်က အခြေအနေမျိုးမှာသာ ဆိုရင် သမီးစင်ဒီ စိတ်မရှည်သလိုဘဲ မေရီလည်းစိတ်တိုမိမှာ အမှန်ပါ။ အခုတော့ အခြေအနေတွေ အားလုံးပြောင်းလွဲကုန် ကြပါပြီ။ မိမိရဲ့ခင်ပွန်းနှင့်အတူ နေထိုင်ခွင့် ရခဲ့စဉ်အချိန်တုံးက ဆိုလျင် မေရီရဲ့ဘ၀ဟာ အစစအရာရာပြည့်စုံလွန်းလို့တနေ့ နေ့တချိန်ချိန်မှာ အခက်အခဲအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုးဟာ သူမအတွက်ဖြစ်လာလိမ့်မယ်လို့ သူမတခါမှမစဉ်းစားခဲ့ဘူးပါဘူး။ ဒါကြောင့်လည်း ယခုလို ဒုက္ခပင်လယ်ဝေရတဲ့အချိန်မှာ တချိန်ကအဆင်ပြေပြေ နေခဲ့ရတဲ့ဘ၀ကလေးကို ပြန်ရလို စိတ် ပြင်းပျရင်း တောင့်တမိပါတယ်။ လက်ရှိဘ၀ကိုလည်း ရင်နာ နေမိပါတယ်။ ယခုတော့ ကံကြမ္မာရဲ့အလှည့် အပြောင်းကို ခံလိုက်ရပါပြီ။ တချိန်တုံးက ခင်ပွန်းသယ်အပါအ၀င် သူမတို့မိသားစု(၅)ဦးဟာ ပျော်ရွှင်စွာ အတူတကွ နေထိုင်ခဲ့ကြပေမယ့် တနေ့မှာ ခင်ပွန်းဖြစ်သူဟာ ''တာ့တာဘိုင်းဘိုင်''လို့ နှုတ်ဆက်တဲ့ စာကလေး တစောင်ရေးပြီး ချန်ထားခဲ့တာကလွဲပြီး အခြားငွေကြေးဥစ္စာ တပြားတချပ်မှ ချန်မထားခဲ့ဘဲ မိသားစုထဲမှ ရုတ်တရက်ကြီးထွက်ခွာပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီအချိန် မှစပြီး ကလေးတို့ရဲ့ဖခင်ဟာ လူလားမမြောက် ကြသေးတဲ့ သမီးတို့ရှိရာ ဤမိသားစုထံသို့ လုံးဝပြန်မပေါ်လာတော့ပါဘူး။
ဤနည်းအားဖြင့် မေရီရဲ့ဘ၀မှာ ခိုကိုးရာမဲ့ဖြစ်ရင်း ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးရတဲ့အဖြစ်မျိုးနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ သမီး(၃)ယောက်ရဲ့ရှေ့ရေးကလည်းရှိနေသေးတော့ ထိုင်ငိုနေလို့အဆင်ပြေလာမှာ မဟုတ်တဲ့အတွက် မေရီလည်း ဒီအလွမ်းအဆွေးတွေကို မေ့ပြစ်ထားပြီး ဘ၀ကိုကြိုးစားရုန်းကန်ရင်ဆိုင်ရင်း တခါမှမလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို စတင်လုပ်နေရပါတော့တယ်။
ဒီလိုနဲ့ ဒီဇင်ဘာလရဲ့နေ့တစ်နေ့ကို ရောက်ရှိလာပါတယ်။ အဲဒီနေ့ကတော့ တနင်္လာနေ့ဖြစ်ပါတယ်။ သမီးကြီး(၂) ယောက်ကို ကျောင်းကိုပို့ထားပြီး အငယ်ဆုံးသမီးဘက်ကီနဲ့ အတူ မေရီတို့နှစ်ဦးသား သန့်ရှင်းရေးလုပ်နေကျ ဦးကိုလေး အိမ်သို့သွားခဲ့ကြပါတယ်။ ထိုအိမ်ရှေ့ရောက်တော့ အိမ်တံခါးဝ မှာ ခရစ်စမတ်ပန်းခွေချိတ် ဆွဲထားတာကို သူတို့တွေ့ခဲ့ကြရ ပါတယ်။ အိမ်ထဲမှာလည်း ခရစ်စမတ်နဲ့ပတ်သက်တဲ့ အလှ တန်ဆာတွေ ပြင်ဆင်ထားအုံးမယ် ဆိုတာကို မေရီအတတ်သိနေပေမယ့် ဘက်ကီကတော့ မသိရှာပါဘူး။ တံခါး ဖွင့်ပြီးအိမ်ထဲ ရောက်ရောက်ချင်း ''အိုး-ချာလီ ဟိုမှာကြည့်စမ်းပါအုံး''ဆိုတဲ့ အာမေဋိတ်သံနဲ့အတူ ဘက်ကီရဲ့ မျက်လုံးလေးတွေဝိုင်းပြီး အရောင်တောက်ပသွားပါတော့တယ်။ သူမမြင်တွေ့နေရတာ တွေကို ချာလီကိုလည်းမြင်စေချင်တဲ့ဆန္ဒနဲ့ ထိုအရုပ်ကလေးကို စကားပြောလိုက်ပါတယ်။ ယခုသမီးလေးတွေ့နေရတာတွေ ကတော့ ကြယ်ပွင့် ကလေးများ၊ ရွှေခြည်ငွေခြည်ကြိုးစများနှင့် ရောင်စုံဘောလုံးကလေးများဖြင့် ပြည့်နှက်နေသော ခရစ်စမတ် သစ်ပင်နဲ့တူ သစ်ပင်အောက်တွင်ရှိသော လှပစွာထုပ်ပိုးထားသည့် လက်ဆောင်ထုတ်များဘဲဖြစ်ပါတယ်။ အိမ်ထဲကိုရောက် ရောက်ချင်း မေရီဟာ သမီးလေးရဲ့ အနွေးထည်ကိုချွတ်ပေးရင်း ''သမီးဘာတခုမှ မကိုင်ပါဘူးလို့ အမေ့ကို ဂတိပေးနော်'' လို့ပြောတဲ့အခါ ဘက်ကီက ''ဟုတ်ကဲ့ ဂတိပေးပါတယ်မေမေ'' လို့ပြောရင်း သူမရဲ့ခေါင်းကိုငြိမ့်ပြလိုက်ပါတယ်။ မိခင်အလုပ် လုပ်နေစဉ် ဘက်ကီဟာ ကုလားထိုင်အလွတ်တလုံးမှာထိုင်ရင်း သူမရဲ့အရုပ် ချာလီနဲ့ဘဲ စကားပြောနေရှာပါတယ်။ ခရစ်စမတ် သစ်ပင်ကို လက်ညိုးထိုးပြရင်း ''ဟိုဟာက ကြယ်ပွင့်ကလေး၊ ဟိုနားမှာရှိတာက မှိတ်တုတ်မှိတ်တုတ်လင်းတဲ့မီးလုံး၊ဟိုဘက်နားမှာရှိတာကတော့ ခေါင်းလောင်း၊ အဲဒီအောက်ဖက်နား ကတော့ လက်ဆောင်ပစ္စည်းထုပ်တွေ၊ အထုပ်ထဲမှာဘာတွေပါ မလဲဆိုတာ မင်းတွေးကြည့်စမ်းပါအုံးချာလီ''ဆိုပြီး ပြောပြနေပါတယ်။ သူမရဲ့အမေကို သူမ ဂတိပေးထားတဲ့အတိုင်း သူမ ဘာတစ်ခုမှမကိုင်ခဲ့ပါဘူး။ ဒီလိုနဲ့နေ့လည် ထမင်းစားချိန် ရောက်တော့ သမီးအကြီး(၂)ယောက် ရောက်လာပါတယ်။ ထိုသမီးကြီး(၂)ဦးအဖို့မှာတော့ ယခုသူတို့မြင်နေရတဲ့ ဦးကိုလေး အိမ်မှာပြင်ဆင်ထားတဲ့ အလှအပ ပစ္စည်း အားလုံးဟာသူတို့နဲ့မပတ်သက်ဘူးဆိုတာသိထားနှင့်သော်လည်းကလေးပီပီလိုချင်တဲ့စိတ်ကလေးတွေတော့ ဖြစ်မိကြပါတယ်။ ဒါကြောင့် လည်း ထိုပစ္စည်းများအပေါ် စိတ်ဝင်စားမိမှာစိုးလို့ သမီး(၂)ဦး စလုံးကလက်ဆောင်ထုတ် များကို မကြည့်မိဖို့ကိုဘဲ ကြိုးစားခဲ့ကြရပါတယ်။
တွေ့ချင်ရင် တွေ့လို့ရပါတယ်။ မေမေခေါ်သွားမယ်။ ကဲကဲ သမီးတို့အားလုံးအနွေးအင်္ကျီဝတ်ကြပါ။ မေမေ တို့အပြင်ထွက်လမ်းလျောက် ကြမယ်'' လို့ပြောရင်း အိမ်နားက ဘုရားကျောင်းကိုခေါ်သွားခဲ့ပါတယ်။ ထိုဘုရားကျောင်းရဲ့အပြင်ဖက်မှာ သစ်သားနဲ့လုပ်ထား တဲ့ နွားစားခွက်ကို ချထားပါတယ်။ အနားတွင်တော့ မယ်တော် မာရိ၊ ယောသပ်၊ သိုးထိန်းများ၊ ပညာရှိများနှင့် ကြယ်ပွင့်များမှ စ၍ မွေးဖွားခြင်းနှင့် သက်ဆိုင်သော ရှုခင်းကို ပုံဖော်ထားသော အရုပ်များချပြီး ပြင်ဆင်ထားတာကို သူတို့အားလုံးကြည့်ကြ ပါတယ်။ ဘက်ကီလေး ဟာလည်း ချမ်းတုန်နေပေမယ့် အိမ်မပြန်ချင်တော့ဘဲ အဲဒီဘုရားကျောင်းရှေ့မှာဘဲ အကြာကြီးရပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်တပတ်ကိုရောက်လာတဲ့အခါ သူတို့ မိသားစု ဘယ်ကိုဘဲသွားသွား ကားလမ်းဘေးရော၊ အိမ်ရှေ့တွေ နဲ့ ဈေးဆိုင်တွေမှာပါ ခရစ္စမတ်နဲ့ ပတ်သက်ပြီး အလှပြင်ထား တာတွေ့ရပြန်ပါတယ်။ လူတွေဟာ ဈေးဆိုင်တွေမှာ ပျားပန်း ခတ်သွားလာကြ၊ လက်ဆောင်တွေဝယ်ကြတာကို ညီအစ်မ (၃)ဦးစလုံးမြင်ကြရပြန်ပါ တယ်။ မေရီအဖို့ မှာတော့ သမီးများနှင့် ဈေးဝယ်လာချိန်မှာ အခြားလူတွေ ဘာဝယ်သလဲဆိုတာကို စိတ်မ၀င်စားနိုင်ဘဲ မိမိကလေးတွေကို ဒီနှစ် ခရစ္စမတ်လက် ဆောင်အဖြစ်ပေးရန် အတွင်းခံဘောင်းဘီနဲ့ခြေစွတ်အပြင် ခရစ္စမတ်နေ့တွင်စားဖို့ ခေါက်ဆွဲတစ်ထုပ်ကိုပါ ၀ယ်လိုက်ပါတယ်။ သူမရဲ့ကလေးငယ်များခမျာမှာတော့ အခြားမိသားစုဝင်များ စတိုးဆိုင်မှာ လက်ဆောင်တွေ အများကြီးလာဝယ်ရင်း ပျော်နေကြတာကိုကြည့်ပြီး စိတ်အားငယ်မှုများ ဖြစ်ပေါ်လာခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာသူတို့ရဲ့ခံစားချက်ကိုယ်စီဟာလည်းပေါ်ထွက် လာခဲ့ပါတယ်။ ကျောင်းမှာကလေးအချင်းချင်းကစားကြချိန်''ဒီနှစ်ခရစ္စမတ်ဘာလက်ဆောင်ရမလဲ''။''ခရစ္စမတ် ကျောင်းပိတ်ရက်မှာဘယ်သွားလည်ကြမလဲ''လို့အမေးခံရမှာကြောက်လွန်းလို့သူငယ်ချင်းများကို ရှောင်ဖယ်ပြီး နေခဲ့ရတဲ့သမီးတွေရဲ့အဖြစ်ကိုသိရတဲ့အခါ မေရီ ဟာရင်ကွဲမတတ်ခံစားခဲ့ရပါတယ်။ ဘက်ကီလေးတစ်ယောက် သာလျင် ကျောင်းမသွားရသေး၍ ထိုအဖြစ်မျိုး မကြုံဆုံရသေးပါဘူး။ ဘက်ကီတယောက်ကတော့သူမရဲ့အရုပ် ကလေးချာလီအား သခင်ယေရှုအကြောင်းပြောပြရင်း ကျေနပ်ပျော်ရွှင်နေတတ်သလို အစ်မနှစ်ယောက်အားလည်း ဘုရားကျောင်းသွား ရင်သူ့ကိုခေါ်သွားပါ။ သခင်ယေရှုကို သူတွေ့ချင်သေးတယ်ဆိုတဲ့အကြောင်း နေ့စဉ် ပူဆာပါတယ်။ အစ်မ(၂)ဦးလည်း စိတ်မရှည်သော်လည်း ညီမငယ်ပူဆာလွန်းလို့ ဘုရားကျောင်းကို လိုက်ပို့ရတဲ့ အခါတွေမှာ ဘက်ကီနေချင်တဲ့အချိန်အတိုင်း အတာအထိကို ခွင့်ပြုရမှာ တွန့်တိုကြပြီး ဘက်ကီကြည့်လို့ မ၀ သေးခင်မှာ သူမကို ဒရွတ်တိုက်ဆွဲပြီး အိမ်ကိုပြန်ခေါ်လာလေ့ ရှိကြပါတယ်။ ဒီလိုနဲ့ ခရစ္စမတ်နေ့ရဲ့ မနက်ခင်းကို ရောက်ရှိ လာပါတယ်။ အပြင်မှာတော့ နှင်းလေးတွေက တဖွဲဖွဲကျနေပါ တယ်။ သမီးကြီး (၂)ယောက်ဟာ အိပ်ရာမှနိုးလာချိန်မှာ ချမ်းအေးလွန်းသောကြောင့် အမေ့ရဲ့ စောင်ခြုံအောက်ထဲပြန်တိုးဝင်ရင်း ''ပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေ''လို့ မိခင်ကြီးကိုနှုတ်ခွန်းဆက်သကြပါတယ်။ မိခင်မေရီက ''သမီးတို့အတွက် အမေ့မှာတန်ဖိုးကြီး တဲ့လက်ဆောင်ရယ်လို့ မပေးနိုင်ဘူးကွယ်။ ဒါပေမယ့် ဘက်ကီလေးကို သွားနှိုးပြီးရင် အမေတို့လက်ဆောင် ဖွင့်ကြမယ်'' လို့ ပြောလိုက်ပါတယ်။ သူမလည်း အိပ်ရာကထပြီး အင်္ကျီလဲပါ တယ်။ သမီးကြီး(၂)ယောက်လည်း ဘက်ကီကိုနှိုးဖို့ ထွက်သွားကြပါတယ်။ ခဏလေးအကြာမှာ သူတို့ပြန်ဝင်လာကြ ပြီး ''ဘက်ကီ ကို မတွေ့ဘူးအမေ၊ သူဘယ် ရောက်သွားသလဲ'' လို့ပြန်မေးလိုက်ရာမေရီလည်းငယ်ထိပ်မြွေပေါက်ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဘက်ကီရဲ့ နာမည်အော်ခေါ်ကာ အိမ်ထဲ၊ အိမ်ပြင်၊ အိမ်နောက်ဖေးခြံ၊ အိမ်နီးချင်းခြံများတွင် သမီးငယ် ကိုတွေ့ရန် ပိုက်စိတ်တိုက်စတင်လိုက်ရှာပါတော့တယ်။ ဘက်ကီကိုရှာ၍ မတွေ့တဲ့အခါ မေရီစိုးရိမ် သွားပါတယ်။ သမီးငယ်လေးဟာ တခါမှဒီလိုလျောက်မသွားတတ်ဘူးဆိုတာ သူမသိ ပါတယ်။ ဒါနဲ့ဘဲ မေရီက ''ဘုရားသခင်၊ ကယ်တော်မူပါ၊ ဘုရားသခင် ကျွန်မကိုခွင့်လွှတ်ပါ။ ကျွန်မလည်း ကလေးတွေကို ခရစ္စမတ် မှာ ကျွေးဖို့ခေါက်ဆွဲအကြောင်းဘဲ စဉ်းစားနေမိတယ်။ ပေးဖို့ လက်ဆောင်အတွက်ကိုဘဲ လုံးပမ်းနေမိပါတယ်။ ဒါတွေ အရေးမကြီးမှန်း ယခုကျွန်မသိပါပြီ။ ဒါတွေမရှိရင်နေပါစေ၊ မရရင်နေပါစေ။ ကျွန်မရဲ့သမီးလေးကို အသက်ရှင်လျက် နှင့် ပြန်ပေးပါ ဘုရားသခင်'' လို့ ဘုရားကိုသာ အားကိုးရင်း ဆုတောင်းလိုက်ပါတယ်။ ဆုတောင်းပြီးမှ မျက်စေ့ ဖွင့်ပြီး လှမ်းကြည့်လိုက်တဲ့အခါ ချာလီလေးကို အရင်တွေ့လိုက်ပါတယ်။ ချာလီလေးဟာ ပြူတင်းပေါက်ဖက်ကို မျက်နှာမူပြီး ကျကျနနခုံပေါ်မှာထိုင်နေပါတယ်။ ဒီအခါ မေရီစဉ်းစားသည်က ဘက်ကီဟာ ချာလီနဲ့ တခါမှမခွဲဖူးဘူး။ သူမ အပြင်သွားတိုင်းလည်း ချာလီကိုစောင်ခြုံထားပေးဖို့ အမြဲတောင်းဆိုတတ်တယ်။ ယခုချာလီကို တစ်ယောက်ထဲ ထားခဲ့တယ်။ စောင်လည်းအနားမှာ မရှိပါလား။ ဒါဟာမေရီအတွက်စဉ်းစားရ သိပ်ခက်ခဲတဲ့ ပြဿနာတစ်ခုပါဘဲ။ ဤစောင်လေးဟာအဖိုးမတန်ပါဘူး။ တချိန်ကကားလမ်းဘေးမှာတစ်ဦးဦးကပစ်ထားတဲ့စောင်စုတ်ကလေးသာဖြစ်ပါ တယ်။ အဲဒီစောင်စုတ်ကလေးကိုဘက်ကီ ကောက်ယူလာချိန်မှာ မေရီက သန့်ရှင်းသွားအောင်လျော်ဖွတ်ပေး လိုက်တဲ့အခါမှာတော့ ယခုအခါမှာ ချာလီလေးကို အချမ်းဒဏ်က ကာကွယ်ပေးနိုင်တဲ့ စောင်ကလေးဖြစ်လာခဲ့ပါ တယ်။ ဒီစောင်ကလေးဟာ စုတ်ပေမယ့် ချာလီကိုနွေးထွေးမှု ပေးနိုင်တဲ့အတွက်ကြောင့် တနည်းအားဖြင့် ဘက်ကီရဲ့အသဲနှလုံးကို အမြဲတမ်းနွေးထွေး မှုကိုပေးနိုင်တဲ့စောင်ကလေးဖြစ်ခဲ့ရပါတယ်။
နေဆဲ၊ နှင်းကျဆဲဖြစ်သောခရစ္စမတ်နေ့ရဲ့ ဝေလီဝေလင်းနံနက် ခင်းမှာ ဘုရားကျောင်းဖက်သို့ ပြေးထွက်ခဲ့ ပါတယ်။ ပြေးလွှားရင်း၊ ဆုတောင်းရင်း၊ ရင်တမမနှင့်လာခဲ့သော မေရီဟာ အဝေးကနေဘက်ကီကို ဘုရားကျောင်းရှေ့တွင် လှမ်းမြင်ရတဲ့အချိန်မှာ ၀မ်းသာလွန်းလို့ မျက်ရည်ဖြိုင်ဖြိုင်ကျလာပါတော့တယ်။ ဘက်ကီ လေးဟာ ဘုရားကျောင်းရှေ့မှာ အလင်းရောင်ပေးနေသော ကြယ်ပွင့်ကြီးရဲ့အောက်တဲ့တဲ့မှာရှိနေတဲ့ နွားစားခွက်ထဲကို ကျော်ဝင်ရင်း နွားစားခွက်ထဲရှိခရစ်တော်ယေရှုကို စောင်ခြုံပေးနေတာကိုသူမ တွေ့လိုက်ရ ပါတယ်။ နွားစားခွက်အနီးကို သူမရောက်လာချိန်မှာ သမီးငယ်ဘက်ကီရဲ့ ပါးစပ်က ''သခင်ယေရှု၊ ဒီနေ့ကတော့ သခင်ယေရှုရဲ့မွေးနေ့ပါ။ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။ ဒီနေ့မနက်မှာ နှင်းတွေကျနေတော့ သခင်ယေရှု ကိုယ်ပေါ်မှာလည်း နှင်းတွေကျနေပါတယ်။ သိပ်အေးပါတယ်။ သခင်ယေရှု သိပ်ချမ်းနေမှာလား၊ ချာလီရဲ့စောင် ကလေးကို ယူလိုက်ပါ။ ချာလီနဲ့ ကျွန်မတို့(၂)ယောက်က အတူတူရှိတဲ့ အတွက် နွေးနွေးထွေးထွေးနေရတယ်။ သခင်ယေရှုကတော့ တစ်ယောက်ထဲနွားစားခွက်ထဲမှာ အိပ်ရတော့ချမ်းနေတာပေါ့။ ချာလီရဲ့ ဒီစောင်လေးကို သခင်ယေရှုအတွက် ပေးပါရစေ'' လို့ ပြောနေတာကို မေရီကြားလိုက်ပါတယ်။ မိခင်ကြီးလည်း သမီးရဲ့စကားသံတွေ ကိုကြားတဲ့အခါ ၀မ်းသာဝမ်းနည်း ဆို့နင့်လို့သွားပါတယ်။ ဘက်ကီလည်း ခြေသံကြား၍လှည့်ကြည့်မိရာ အမေကို လည်းမြင်ရော ''အမေ ခရစ်တော်မွေးနေ့ကို သမီးမမေ့ ဘူးဆိုတာ ခရစ်တော်မသိမှာသမီး သိပ်စိုးရိမ်တာဘဲ''လို့ ပြောလိုက်ပါတယ်။ မေရီလည်း ကောက်ရိုးကြားမှာ ထိုင်နေတဲ့ သမီးကို ချီပွေ့လိုက်ရင်း ဆို့နင့်စွာဖြင့် ''ဟုတ်တယ် သမီး၊ သခင်ယေရှု ကို အမေ မေ့သွားတယ်'' လို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ ဘက်ကီ လေးတစ်ယောက် သခင်ယေရှုရဲ့မွေးနေ့ကို သတိတရ ရှိတာကို သူမအသိအမှတ်ပြုပြီးနောက် သမီးကို အိမ်သို့ ပြန်ခေါ်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ မေရီလည်း အိမ်ထဲမှာရှိတဲ့ ခရစ္စမတ်သစ်ပင်မဟုတ်တဲ့ အမြင့်ဆုံး သစ်ပင်တစ်ခုမှာ ''အိမ်မှာလုပ်ယူတဲ့ငွေရောင်စက္ကူပြားလေးကပ်ထားတဲ့ ကြယ်ပွင့်လေး''ကို ချိတ်လိုက်ပါတယ်။ သမီးများကလည်း မိမိတို့ကျောင်းမှာ လက်မှုဖွံ့ဖြိုးရေးအချိန်၌ လုပ်ထားတဲ့ ''ပေါက်ပေါက်ဆုတ် ပြောင်းဖူးပန်းကုံး''ကို ထိုသစ်ပင်မှာ ချိတ်လိုက်ပါတယ်။ မေရီကလည်း ကလေးများအတွက် လက်ဆောင် အဖြစ်ထုပ်ထားတဲ့ခြေစွပ်နဲ့ အတွင်းခံဘောင်းဘီ များပါရှိတဲ့အထုပ်ကို သစ်ပင်အောက်မှာချလိုက်ပါတယ်။ သမီး (၃)ဦးအတွက်ဤ သစ်ပင်လေးရဲ့အလှဟာ ခရစ္စမတ်ရဲ့အနှစ်သာရကို ဖော်ထုတ်ပေးနိုင်ခဲ့ပါပြီ။ မေရီလည်း သူမ ကိုယ်တိုင် ဖုတ်ထား တဲ့ကိတ်မုန့်ကို ပြင်ဆင်ပြီးနောက် (၄)ယောက်သား ပျော်ရွှင်သော မွေးနေ့ပွဲတော်ဖြစ်ပါစေ (Happy birthday dear Jesus) သီချင်းကို သီဆိုခဲ့ကြရင်း ထိုနေ့ကို ပျော်စရာနေ့ထူး အဖြစ် အသိအမှတ်ပြု လက်ခံယူလိုက်ကြ ပါတယ်။ စောင်ကလေး မရှိတော့ပေမယ့် ဘက်ကီရဲ့ရင်ခွင်ထဲမှာ နီးနီးကပ်ကပ် နေခွင့်ရတဲ့ ချာလီလေးလည်း ဘက်ကီရဲ့နွေးထွေးသောမေတ္တာကို ဆက်လက်ခံယူရင်း တစ်မိသားစုလုံး ခရစ္စမတ်ပွဲတော်ကို ပျော် ရွှင်စွာဆင်နွှဲနိုင်ခဲ့ကြပါတယ်။ -စတယ်လာဝေ- |





